ဆိပ်ဖြူမြို့ပေါ်ရှိ ဖုန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ သည် (၂၀.၅.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပေါ်ရှိ ဖုန်းဆိုင် (၅)ဆိုင်အား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များအား ရောင်းချရန်နှင့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများအား ပြည့်စုံစွာထည့်သွင်း ဖော်ပြထားကြရန် အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)