
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ်တနင်္လာနေ့တိုင်းအား ပလတ်စတစ်မသုံးစွဲရနေ့ဟုသတ်မှတ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စျေးကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၁၉.၅.၂၀၂၅)ရက်နေ့၊ နံနက် (၀၇:၃၀) အချိန်တွင် ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုးသုံးစွဲစေရေးအတွက် မကွေးမြို့၊ မင်္ဂလာစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ မင်္ဂလာစျေးတွင် ရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန်နှင့် မှိုတက်နေသောကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြမထားသော ကုန်စည်များ ရောင်းချမှုမရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)