ဆန်စျေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေး တွေ့ဆုံဆွေးနွေး

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်ပူးပေါင်း၍ လစဉ်သင့်တင့်မျှတသောဆန်စျေးနှုန်းများ ထုတ်ပြန်၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။ (၁၉.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးခရိုင်၊ မကွေးမြို့ကုန်သည်များနှင်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)၌ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ မကွေး/ ချောက်ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်း(၇)ဦးတို့သည် မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းဥက္ကဌအပါအဝင် မကွေးမြို့၊ ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များနှင့် ဆီလက်ကား ကုန်သည်ကြီး (၃၄)ဦးတို့အား တွေ့ဆုံ၍ ဆန်များအား ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ စျေးကွက်စျေးနှုန်းမှန်ကန်တည်ငြိမ်စေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးတို့အား အသိပညာ ပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဆန်ဈေးနှုန်းများမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ လအလိုက်ထုတ်ပြန်ထားသည့်ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်ရေး အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆန်သတ်မှတ်ရည်ညွှန်းဈေးများကို မကွေးမြို့နယ် ဆန်စပါးကုန်သည်များအသင်း၏ Viber Group တွင် လစဉ်ပေးပို့ထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားရှိပြီးဖြစ်သလို တိုင်း/ခရိုင်/ မြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့များကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ ဆန်စပါးပွဲစားများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ စပါးဝယ်ယူခွင့်ကြားပွဲစားစိစစ်ရေးကဒ်များ ထုတ်ထားပေးလျက်ရှိရာ စိစစ်ရေးကဒ်(၄၀၀)ကျော် ထုတ်ပေးပြီးဖြစ်ပါကြောင်းနှင့် ကြားပွဲစားစိစစ်ရေးကဒ်ရှိမှသာ ဆန်စပါး ဝယ်ယူခြင်းနှင့် ရောင်းဝယ်ခြင်းကိစ္စရပ်များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဆန်စပါးနှင့်ဆီလက်ကား ကုန်သည်များမှဆွေးနွေးခဲ့မှုအပေါ် ပြန်လည်ပြောကြား ရာတွင် ယခုအချိန်တွင် ဆန်သတ်မှတ်ရည်ညွှန်းဈေးများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ညှိနှိုင်းတွက်ချက်၍ လအလိုက်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ မကွေးမြို့ပေါ်တွင် ရွှေဘိုပေါ်ဆန်းမွှေးဆန်များ ပြတ်လပ်မှုများရှိပါက မြို့နယ်/တိုင်းဆန်ကုန်သည် နှင့် ဆန်လုပ်ငန်းရှင်များအသင်းအနေဖြင့် စားသုံးမှုအရဆန်လိုအပ်ချက်ကို တွက်ချက်ပြီး တင်ပြရ မည်ဖြစ်ကြောင်းနှင့်  ရုံးချုပ်သို့ဆက်လက်တင်ပြ၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)နှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ဆန်/ဆီ လက်လီလက်ကား အရောင်းဆိုင်များအနေဖြင့် ရောနှောဆန်များနှင့် ရောနှောဆီများကိုလည်းရောင်းချခွင့်မရှိကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် ခိုင်မာသည့်အသင်းအဖွဲ့များဖြစ်ပေါ်လာစေရေးအတွက် ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အသင်းအဖွဲ့ဝင်များမှလည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် တွေ့ကြုံနေရသည့် အခက်အခက်များကို တင်ပြနိုင်ရေးအတွက် လစဉ်တွေ့ဆုံဆွေးနွေးပွဲများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)