ချောက်မြို့၌ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့များသည် (၁၉.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ချောက်မြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်များ ခင်းကျင်းပြင်ဆင်မှု၌ သန့်ရှင်းမှုရှိစေရန်၊ ချက်ပြုတ်ကြော်လှော်သည့် မီးဖိုခန်းများသန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ သုံးစွဲသည့်အသီးအရွက်များ လတ်ဆတ်မှုရှိစေရန်၊ ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုသပ်ရပ်မှုရှိစေရန်၊ စားကြွင်းစားကျန်များစွန်ပစ်ရာ၌ အမှိုက်ပုံးများဖြင့် စည်းကမ်းရှိရှိ စနစ်တကျစွန့်ပစ်ခြင်းရှိစေရန်၊ ဆိုင်တွင်‌ရောင်းချသည့် ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးနှုန်းများဖော်ပြထားခြင်းရှိရန်လိုအပ်ကြောင်းနှင့် ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ၏လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အကျိုးအမြတ်ရရှိရေးထက် ဈေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)