တန်ဖိုးမြှင့်စားသောက်ကုန်၊ Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍အသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတွင် ဖွင့်လှစ်သင်ကြားသည့် စားသောက်ကုန်၊ Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါအခမ်းအနားတွင် သမဝါယမဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ရေးဆေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးများ တက်ရောက်ခဲ့ပြီး သင်တန်းသား/သူ ( ၂၀ ) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

     အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးထိုက်တန် ( ခရိုင်ဦးစီးမှူး ) က သင်တန်းဖွင့်လှစ် ရသည့်အကြောင်းအရင်းနှင့် အကျိုးကျေးဇူးများအား အကျယ်တဝင့် ပြောကြားခဲ့ပြီး သင်တန်းပို့ချရာတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများနှင့် အမျိုးအမည်များအား ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

      စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) က စားသောက်ကုန်များ ပြုလုပ်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများအနေဖြင့် သက်ဆိုင်ရာဌာနမှ တားမြစ်ထားသည့် ကုန်ကြမ်းပစ္စည်းများမဖြစ်စေရန်၊ သက်တမ်းလွန်သည့် ကုန်ကြမ်းပစ္စည်းများမဖြစ်စေရေး ဂရုပြုသင့်ကြောင်းနှင့် ကုန်ကြမ်းပစ္စည်းများပေါ်တွင် မြန်မာစာဖြင့်သတ်မှတ်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုလည်း သင်တန်းသား/သူများ သိရှိစေရန်အတွက် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA( စစ်ကိုင်း)