ပခုက္ကူမြို့ပေါ်ရှိ Mobile Phone ဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV ဖြန့်ဖြူး ရောင်းချ လျက်ရှိသည့် ကုမ္ပဏီကြီးများ၏ တင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသည့် အခြေအနေအား သတင်း အချက်အလက်ရယူ စစ်ဆေးတင်ပြရန် လမ်းညွှန်ခဲ့သည့်အတွက် လမ်းညွှန်ချက်များအား အကောင် အထည်ဖော်ဆောင်ရွက်ရန် Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV များရောင်းချသည့် အရောင်း ဆိုင်ကြီးများသို့ ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း၊ အသိပညာပေးခြင်းများအား ကွင်းဆင်း စောင့်ကြည့်စစ်ဆေးခြင်းအား မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

     ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၉.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင်  Mobile Phone နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ရောင်းချသည့် Mobile Phone၊ ကြိုးဖုန်းများတွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်း ဖော်ပြရန်နှင့် ထိုသို့ ဖော်ပြခြင်းဖြင့် သုံးစွဲသူ ပြည်သူများမှာ လွယ်ကူစွာသိရှိနားလည်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုအခါတွင် Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြလာရေးကို ဆောင်ရွက်လျက်ရှိပြီး မိမိတို့ရောင်းချသည့် ဖုန်းနှင့် ဆက်စပ်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာရောင်းချရန် လက်ကိုင် ဖုန်းများတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ဘေးထွက်ဆိုးကျိုး ဖော်ပြချက်နှင့် ဆက်စပ်ပစ္စည်းများတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း ဖော်ပြချက်များ ထည့်သွင်းရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)