
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှူဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောစားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (၁၆.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့၌ စားသုံးဆီအမျိုးမျိုး ရောင်းချသည့် ရပ်ကွက်များရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များသို့ သွားရောက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးနှင့် ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ကုန်စည်အုပ်စု(၈)ခုတွင် ပါရှိရမည့်အချက်အလက်များ ပြည်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်အမှတ်(၂/၂၀၂၄)တို့နှင့် ကိုက်ညီမှုရှိ/မရှိ၊ ထိုညွှန်ကြားချက်များအား လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးဆီလုပ်ငန်းရှင်များသို့ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ သည်။
DOCA(မကွေး)