ညောင်လေးပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဟောပြော

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၁.၅.၂၀၂၅ ရက်နေ့၌ ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

     မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ညောင်လေးပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ( Cosumer Information And Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေပါအချက်အလက်များ အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ (၂၀၁၉) ပါပြဌာန်းချက်များမှ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ဟောပြော ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)