Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV အရောင်းဆိုင်များကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊  မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၁.၅.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV အရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Mobile Phone ၊ ကြိုးဖုန်း၊ Laptop၊ TV အရောင်းဆိုင်များအနေဖြင့် ရောင်းချသည့်ကုန်ပစ္စည်းအမှတ်တံဆိပ်အလိုက် သက်ဆိုင်ရာ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားမြို့များရှိကုမ္ပဏီရုံးခွဲများမှတစ်ဆင့်မှာယူပြီး‌ ငွေပေးချေမှုအနေဖြင့် လက်ငင်းပေးချေခြင်း၊ အရစ်ကျ ပေးချေခြင်းစနစ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      Mobile Phone ၊ ကြိုးဖုန်း၊ Laptop၊ TV များအား စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ခရိုင်ဦးစီးမှူးက အရောင်းဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တရားဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)