ဝိုင်းမော်မြို့၊ မြို့မရပ်ကွက်ရှိ စားသုံးသူပြည်သူများအား အသိပညာပေး‌‌ဟောပြောခြင်း

Powered by Drupal

    စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုံး (ရုံးအုပ်)သည် ၂၅.၅.၂၀၂၅ ရက်နေ့ ၀၉:၃၀ နာရီအချိန်တွင် ဝိုင်းမော်မြို့၊မြို့မရပ်ကွက်ရှိ စားသုံးသူပြည်သူ(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဟောပြောရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က   စားသုံးသူကာကွယ်‌‌ရေးဥပဒေပါ စားသုံးသူ ကာကွယ်ရေးနှင့်စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ အွန်လိုင်းမှ ဈေးဝယ်ရာတွင်လည်းကြိုတင်သတိထားရမည့် အချက်များ ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ အတွက် တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိပြီး လူကိုယ်တိုင် သို့မဟုတ် ဖုန်းဖြင့် တိုင်ကြားနိုင်ပါကြောင်း၊ Call Center 1535 သို့လည်း တိုက်ရိုက် တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ကချင်)