စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုံး (ရုံးအုပ်)သည် ၂၃.၅.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊တပ်ကုန်းရပ်ကွက်ရှိ စားသုံးသူပြည်သူ(၂၃)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဟောပြောရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်) က ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန် များအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆို နိုင်သည့် အခွင့်အရေးအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြပါရှိသည့် စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူသုံးစွဲခြင်း၊ စားသုံးဆီနှင့်ပတ်သက်၍လည်း ကုန်အညွှန်းအမှတ်အသား/ထောက်ခံချက်များ ပြည့်စုံစွာပါရှိသည့် စားသုံးဆီများကို ရွေးချယ်ဝယ်ယူသုံးစွဲကြရန်နှင့် သာမန်စားသုံးမှုထက် ကျန်းမာရေးအရ လျော့ချစားသုံးကြရန်၊ အွန်လိုင်းမှ ဈေးဝယ်ရာတွင်လည်း သတိထားရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ကချင်)