ကော့သောင်းမြို့ပေါ်ရှိ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ခုနှစ်၊ မေလ ၃၀ ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ အာပူးလေး(စားသောက်ဆိုင်)အား  ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ အစားအသောက်‌ ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      အဆိုပါ အာပူးလေး(စားသောက်ဆိုင်)အား ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့်နေရာတွင်သန့်ရှင်းခြင်း၊ အစားသောက်ကိုင်တွယ်ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများသည် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်း၊ အစားသောက်များလတ်ဆက်သန့်ရှင်းမှုရှိခြင်း၊ အစားသောက်စျေးနှုန်းအား ပွင့်လင်းမြင်သာစွာအသိပေးဖော်ပြထားခြင်း စသည်တို့ကို စစ်ဆေးတွေ့ရှိခဲ့ပါ ကြောင်း သိရှိရပါသည်။

     စစ်ဆေးရေးအဖွဲ့များသည် စားသောက်ဆိုင်အား မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စားသုံးသူအခွင့်အရေးအပြည့်အဝ မရရှိခဲ့လျှင် စားသုံးသူကာကွယ်ရေး ဥပဒေအပြင် အခြားသက်ဆိုင်ရာဌာနများ၏ ဥပဒေပါ ထပ်မံအ‌ရေးယူရမည်ဖြစ်ပါကြောင်း   အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)