
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လုပ်ငန်းများကို ၂၂.၅.၂၀၂၅ ရက်နေ့ နံနက်က စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသားကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံနေကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
သထုံမြို့နယ်အတွင်းလာရောက်ကျောင်းအပ်နှံကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေးနှင့် တာဝန်ရှိသူတို့က KG တန်းမှ Grade 12 အထိ စနစ်တကျ ကျောင်းအပ်လက်ခံပေးနေမှုနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ ထောက်ပံ့ပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ အထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၈ ကျောင်း၊ အလယ်တန်း ၉ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၈ ကျောင်း၊ မူလွန်ကျောင်း ၃၂ ကျောင်း၊ မူလတန်း ၁၀၈ ကျောင်းနှင့် မူလတန်း(ခွဲ) ကျောင်း ၁ ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၁၈၀ ကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်က ကျောင်းသားကျောင်းသူပေါင်း ၄၂၂၆၅ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
DOCA (မွန်)