
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်းကာ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ၂၂.၅.၂၀၂၅ ရက်နေ့က သထုံမြို့မဈေးနှင့် သုဝဏ္ဏဈေးတို့၌ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ဈေးစည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတို့က သထုံမြို့မဈေးနှင့် သုဝဏ္ဏဈေးတို့မှ ဈေးရောင်းသူ ဈေးဝယ်သူတို့အား သဘာဝပတ်ဝန်းကျင်အပေါ် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းတို့၏ ခြိမ်းခြောက်နေမှုများ၊ ပလပ်စတစ်ကြောင့် ဖြစ်ပေါ်နေသည့် မြေထု ရေထု လေထု ညစ်ညမ်းမှုများ၊ လူသားတို့အပါအဝင် သက်ရှိအားလုံးတို့အတွက် ပလတ်စတစ်ကြောင့် ခံစားနေကြရသည့် ကျန်းမာရေးဆိုးကျိုးများ စသည့် ပလတ်စတစ်အန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ပညာပေးဆွေးနွေးကာ ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
DOCA (မွန်)