မုဒုံမြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ၂၂.၅.၂၀၂၅ ရက်နေ့ နံနက် ၁၁ နာရီက ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက် အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက်နစ်နာလျင် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ အွန်လိုင်းစျေးရောင်းချမှုနှင့် ပတ်သက်၍ သုံးစွဲသူများ သိရှိရမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ခဲ့သည်။

     ဟောပြောပွဲကို သင်တန်းကျောင်းမှ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)