
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အမျိုးသမီးအသင်း (Book Club)၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို (၂၂.၅.၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် (Woman Club)အဖွဲ့ဝင် ဒေါ်မြင့်မြင့်ဝေက စိတ်နေစိတ်ထား အရေးကြီးပုံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့၀င် ဒေါ်နန်းရတီလှိုင်က ရည်မှန်းချက်ပန်းတိုင်ချမှတ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ထိုက်ထိုက်ဝင်းက တန်ဖိုးထားမှုများနှင့်အမြင်ရှိမှု ခေါင်းစဉ်ဖြင့်လည်းကောင်း စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းမှ "ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှစိတ်ချယုံကြည်စားသုံးကြ" ခေါင်းစဥ်တို့ဖြင့် ဦးဆောင် ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များကလည်း ဦးဆောင်ဆွေးနွေး ချက်များအပေါ် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA (မွန်)