ပေါင်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဆန်စပါးသိုလှောင်ရုံစစ်ဆေးရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်အရ မြန်မာဆန်စပါးအွန်လိုင်း (MYRO) ၏ website တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

       ထိုသို့ ပြုလုပ်ရာတွင် ပေါင်မြို့နယ်ရှိ ဆန်သိုလှောင်ရုံအများစုသည် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ် တာဝန်ခံသည် မြို့နယ်ဆန်စက်ပိုင်ရှင်အသင်းဥက္ကဌနှင့် တွေ့ဆုံ၍ ဆန်သိုလှောင်ရုံ မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော သိုလှောင်ရုံများရှိက စိစစ် အရေးယူဆောင်ရွက်မည့် ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ပါကြောင်း သိရသည်။

DOCA (မွန်)