မော်လမြိုင်မြို့နယ် မုပွန်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၆.၅.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ မုပွန်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

     ထိုသို့ ကွင်းဆင်းခဲ့ရာတွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆေးမျိုးစုံ အရောင်းဆိုင်တွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိခြင်း၊ ဆေးဝါးများ ပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်း တွေ့ရှိရပြီး၊ Registration မရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ဝယ်ယူသုံးစွဲသူများအား ဈေးနှုန်းမှန်၊ အရည်အသွေး မှန်ကန်စွာဖြင့် လိုအပ်သော အိမ်သုံးဆေးဝါးများကို လိုအပ်သလိုရောင်းချပေးနေကြောင်း တွေ့ရှိရပြီး ဆေးမျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)