ရန်ကုန်တာယာ (ဘီးလင်း) စက်ရုံသို့ ကွင်းဆင်းခြင်း

Powered by Drupal

        ၂၃.၅.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူး၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲတာဝန်ခံသည် ဘီးလင်းမြို့နယ် ရှိ ရန်ကုန်တာယာစက်ရုံသို့ စက်ရုံလည်ပတ်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

      ထိုသို့ ဆောင်ရွက်ရာတွင် စက်ရုံတည်ဆောက်မှု၊ လည်ပတ်မှု၊ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု အခြေအနေများအား ဆွေးနွေးမေးမြန်းရာ တာယာစက်ရုံမှာ ၂၀၁၄ ခုနှစ်တွင် စတင် လည်ပတ်ခဲ့ကြောင်း၊ ဝန်ထမ်းအင်အား (၅၄၀) ဦးဖြင့် ၂၄ နာရီ (၃) ဆိုင်ခွဲ၍ လည်ပတ် ကြောင်း၊ ကုန်ကြမ်းဖြစ်သည့် ရော်ဘာကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှ ဝယ်ယူပြီး ရောနှောအသုံးပြုမည့် ဓာတုပစ္စည်းများကို တရုတ်နိုင်ငံမှ တင်သွင်းကြောင်း၊ ထုတ်လုပ်မှု အခြေအနေဖြင့် တစ်လလျှင် ပျမ်းမျှ ကားတာယာ (၁၈၂၀၄) လုံး၊ ဆိုင်ကယ်တာယာ (၄၁၃၀၅) လုံး ထုတ်လုပ်နိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် ပြည်တွင်းဈေးကွက်ကို အဓိက ဖြန့်ဖြူးကြောင်း၊ ယခင်နှစ်က မလေးရှားနိုင်ငံသို့ တန် (၂၀) တင်ပို့ခဲ့ကြောင်း ဆွေးနွေးခဲ့ ပါသည်။

DOCA (မွန်)