၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

Powered by Drupal

     မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကို ၂၇.၅.၂၀၂၅ ရက်နေ့ နံနက် ၉ နာရီက အ.ထ.က (၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။

    အခမ်းအနားကိုကျောင်းသား/သူများက ကျောင်းအပ်နှံရေးနေ့သီချင်းဖြင့် သီဆိုဖွင့်လှစ် ပေးခဲ့ပြီး မြို့နယ်ကျောင်းနေရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်း ကကျောင်းနေအရွယ်ကလေးသူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေး မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းမြင့်မားလာစေရေးအတွက် ပညာရေးဝန်ထမ်းအားလုံး KG + 12 စနစ်သင်ပညာရေးကို အောင်မြင်စွာဖော်ဆောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြပါရန် အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဋ္ဌေးက ကျောင်းအပ်နှံရေးလုပ်ငန်းအား ရှင်းလင်းတင်ပြသည်။

    ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံးပုံနှိပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများက လက်ခံရယူခဲ့သည်။ ယင်းနောက် ပညာရေးစေတနာရှင် အလှူရှင်များက စုစုပေါင်း လှူဒါန်းငွေကျပ် (၄၉၄)သိန်းအား အသီးသီး ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)