
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်ဦးနှင့်ဝန်ထမ်းများသည် ယခုအပတ်တွင် Kaung Hlyan New Asia Co.Ltd မှ ကျိုက်ထိုမြို့နယ်အတွက် စားအုန်းဆီခွဲတမ်း (၅၃) ပေပါ ရောက်ရှိလာမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် ကျိုက်ထိုမြို့နယ်၊ ပက္ကလိပ်ကျေးရွာ တွင် လက်လီကိုယ်စားလှယ်မှ စားအုန်းဆီရောင်းချနေမှုအား သွားရောက်စစ်ဆေးကာ စားအုန်းဆီလက်လီကိုယ်စားလှယ်များမှ ရပ်ကွက်၊ ကျေးရွာများသို့ ရောင်းချရာတွင် သယ်ယူ စရိတ်၊ ၂% အမြတ်တို့ဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အချင် အတွယ်ပြည့်မီခြင်း ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး ယခုမေလနောက်ဆုံးအပတ် စားအုန်းဆီ ရည်ညွှန်းဈေးမှာ တစ်ပိဿာ (၇၂၅၇) ကျပ်ဖြစ်ကြောင်း သိရပါသည်။
DOCA (မွန်)