
၂၇.၅.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် မြို့နယ်အဆင့် တရားမဝင် Sim Card ရောင်းချမှု စစ်ဆေးရေးအဖွဲ့ဖြင့် ကျိုက်ထိုမြို့ရှိ Sim Card အရောင်းဆိုင်နှင့် ဖုန်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ စစ်ဆေးရာတွင် Sim Card အရောင်းကိုယ်စားလှယ်များ၊ အရောင်းဆိုင် (SOP) များအပါအဝင် Sim Card ရောင်းချသူမည်သူမဆို အော်ပရေတာများနှင့် စာချုပ်ချုပ်ဆို ထားခြင်း ရှိ/မရှိ၊ ကြိုတင်မှတ်ပုံတင်ထားသော Sim Card များရောင်းချခြင်းမပြုရန် Sim Card များကို Sim Card မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြုလုပ် ပြီးရောင်းချသွားရန်၊ Sim Card များကို စနစ်တကျမှတ်ပုံတင်ရောင်းချရန်နှင့် လွှဲပြောင်းရာတွင် စနစ်တကျပြန်လည်မှတ်ပုံတင်ခြင်း၊ အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၃) အသိပေးခဲ့ပြီး၊ အသိပညာပေးမှုအား လိုက်နာခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူခံရနိုင်ကြောင်းတို့အား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA (မွန်)