
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုး ရေး စီမံကိန်းအရ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ (ယိုမျိုးစုံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၇.၅.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီးသန့်ဇင်ထွန်းက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အသိပညာအတတ်ပညာများကို လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချကာ ကိုယ်ပိုင် လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကြိုးစားကြရေး အမှာစကား ပြောကြားပြီး ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းလှက စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကို သင်တန်းသူများထံ ထောက်ပံ့ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ(၁၀)ဦး တက်ရောက်ကြပြီး သီးနှံအခြေခံ ယိုမျိုးစုံထုတ်လုပ်နည်းများကို မေလ(၂၇)ရက်နေ့မှ စတင်ကာ တစ်ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
DOCA (မွန်)