ချောင်းဆုံမြို့နယ်တွင် တရားမဝင် ဆင်းကတ်ရောင်းချမှုနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်

Powered by Drupal

    ၂၆.၅.၂၀၂၅ ရက်နေ့ ၊နေ့လယ်  (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြည်နယ်ဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်မှ မြို့နယ်အဆင့် တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ဆင်းကတ်အရောင်းဆိုင်များအား ကွင်းဆင်း၍ ဆင်းကတ်များကို စနစ်တကျ မှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ်တကျ ပြန်လည်မှတ်ပုံတင်ခြင်း အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၃) များအား ဖြန့်ဝေခြင်းများ၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA (မွန်)