ချောင်းဆုံမြို့နယ်တွင် “ငွေကြေးဝန်ဆောင်မှုနှင့်အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေး Talk Show” ဆွေးနွေးပွဲကျင်းပ

Powered by Drupal

   ၂၃.၅.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ “ငွေကြေးဝန်ဆောင်မှုနှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေး Talk Show” ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

    ထိုဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်နွေးနွေးဦးက (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးမှ ငွေကြေးဝန်ဆောင်မှုနှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ စားသုံးသူ ပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့်အချက်များ၊ အွန်လိုင်းတွင်ဝယ်ယူခြင်းမပြုမီ သတိပြုရ မည့်အချက်များ၊ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာနှင့် နည်းလမ်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)