မလှိုင်မြို့နယ်အတွင်း စားသောက်ကုန်ဝန်ဆောင်မှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး၏ ၂၂-၄-၂၀၂၅ ရက်နေ့ လမ်းညွှန်ချက်တွင် “မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ လမ်းညွှန်ချက်အရ ဦးစားပေးရွှေးချယ်ထားသည့် ကုန်စည်၊ဝန်ဆောင်မှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပုံမှန်ဆောင်ရွက်ရန်နှင့် ၃လ အလိုက်အမျိုးအစားများ (အမယ် များ)အား ပြန်လည်ဆန်းစစ်သုံးသပ်ရန်” လမ်းညွှန်အရ ဦးစားပေးရွှေးချယ်ထားသည့်    ကုန်စည်၊ ဝန်ဆောင်မှုများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအနေဖြင့် အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုဖြစ်သော စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူပေါင်း၍ မလှိုင်မြို့နယ်အတွင်း လက်ဘက်ရည်ဆိုင်များအား ၂၀၂၅ ခုနှစ်၊ မေလ ၁၆   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြုပြင်ရောင်းချမှုတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ အစားအသောက်များ သန့်ရှင်းလတ်ဆက်မှု ရှိ/မရှိ၊ဝန်ဆောင်မှုပေးသူများ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ ပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးခြင်းရှိ/မရှိ၊ ဝန်ဆောင်မှုပေးအပ်သည့်အဖိုးအခမည်မျှကောက်ခံသွားမည်ကို ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/မရှိ၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခကောက်ခံခြင်းရှိ/မရှိ၊ ဈေးနှုန်း (Menu) ကဒ် ထားမှုရှိ/မရှိ၊ လုပ်သားများ ဆေးစစ်ထားမှုရှိ/မရှိ၊ ကုန်ကြမ်းများသန့်ရှင်းလတ်ဆတ်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ အသား၊ငါးသိုလှောင်တဲ့အခြေအနေ (ရေခဲသေတ္တာ၊ စားဖိုဆောင်စသဖြင့်) သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)