မြစ်ကြီးနားမြို့ရှိ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ)၊ ဦးကိုကိုစိုး(ဦးစီးမှူး)တို့သည် ၁၄.၇.၂၀၂၂ ရက်နေ့ ၁၀:၀၀နာရီအချိန်တွင် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ စည်ပင်သာယာဈေး(၁)ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၊ ခေမာသီရိရပ်ကွက်ရှိ အလှကုန်ပစ္စည်း Online Shop တို့တွင် ရောင်းချနေသော အလှကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချမှု ရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတင်း အချက်အလက် ပြည့်စုံမှန်ကန်မှုရှိမရှိ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှု ရှိ မရှိ၊ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များပါဝင်ခြင်း ရှိ မရှိတို့ကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)