အလှကုန်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (စစ်ဆေးရေးမှူး)သည် ၁၄.၇.၂၀၂၂ ရက်နေ့တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဗန်းမော်မြို့အတွင်းရှိ လက်လီ၊ လက်ကားရောင်းချနေသော အလှကုန်ပစ္စည်းဆိုင်၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လက်လီ/လက်ကား ရောင်းချဖြန့်ဖြူးနေသော အလှကုန်ပစ္စည်းဆိုင်များတွင် ကုန်အမှတ်တံဆိပ်များ၊ အလှကုန်ပစ္စည်းများကိုတုပ၍ တရားမဝင် ဖြန့်ဖြူးရောင်းချနေခြင်း ရှိ မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ပါရှိခြင်း ရှိ မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ပြည့်စုံ မှန်ကန်စွာဖော်ပြထားမှု ရှိ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)