
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်၊ အောင်သာကျေးရွာတွင် စားသုံးသူပြည်သူများ စားသုံးသူခွင့်အရေးအပြည့်အဝရရှိ စေရန်နှင့် ဝယ်ယူသုံးစွဲသောကုန်စည်များ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက်ရှိသော ကုန်စည်များမှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ရေး ၂၀၂၅ခုနှစ် ၊ မေလ (၂၂) ရက်နေ့ နံနက်(၁၀:၃၀) နာရီချိန်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် မိတ္ထီလာမြို့နယ်တာဝန်ခံ၊ ဒေါ်စိမ်းစိမ်းထွေးမှ စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံ တင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင် လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက် ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့် www.eComreg .gov. mm မှတဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ၊ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း စားသုံးသူများမှ မိမိလုပ်ငန်းအပေါ် ဝယ်ယူအသုံးပြုရန် ယုံကြည်စိတ်ချမှုမရှိနိုင်ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်အတွက် မှတ်ပုံတင်ရန်လိုအပ်ကြောင်း၊ စားသုံးသူများမှလည်း Online မှ ပစ္စည်းတစ်ခုခုဝယ်မည်ဆိုလျှင် ရောင်းချသူတွင် မှတ်ပုံတင်ရှိ/မရှိ ၊ ငွေပေးချေမှုစနစ်များကို သေချာစစ်ဆေးပြီးမှသာ ဝယ်ယူသင့်ကြောင်းစသည့်အချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)