
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည်(၂၁-၅-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံး သူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် အသိပညာပေး Talk Show ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Talk Show ဟောပြောပွဲတွင် ကံမမြို့နယ်တာဝန်ခံမှ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(CICC) မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးသို့ လည်းကောင်း၊ Consumer Call Center Hotline (1535)သို့ နေပြည်တော် ရုံးချုပ်တွင် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၂)သို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၃)သို့လည်းကောင်း ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်မဆို ဆက်သွယ်တိုင်ကြားလျှင် တိုက်ရိုက်တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် များသို့ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သရက်ခရိုင်ဦးစီးမှူးရုံး စားသုံးသူရေးရာ ဦးစီးဌာနတွင် စားသုံးသူ သတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ(CICC)ကို ၂၀၂၅ခုနှစ်၊ မတ်လမှစတင်ဖွင့်လှစ်ထားရှိပြီး ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို စားသုံးသူပြည်သူများသိရှိစေရန် အသိပညာပေး Talk Show ဟောပြော ခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)