အောင်လံမြို့နယ်ရှိ သောက်ရေသန့်စက်ရုံသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုတို့ဖြင့် (၂၃.၅.၂၀၂၅)ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သမဝါယမဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြလို့ကျေးရွာရှိ ဝတီ အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်နေသည့် သောက်ရေသန့်စက်ရုံသို့သွားရောက်၍ ထုတ်လုပ်နေသည့် သောက်ရေသန့်ဘူး များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ထုတ်လုပ်နေသည့် သောက်ရေသန့်ဘူး(၂၀)လီတာ၊ (၁) လီတာ၊ (၀.၆)လီတာ၊ (၀.၃)လီတာ စသည့် အမျိုးအစား(၄)မျိုးတို့တွင် ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသားများသည် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရဖော်ပြရမည့်အချက်များနှင့် ကိုက်ညီမှုရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် မိမိတို့ ထုတ်လုပ်သောရေသန့်များအား ပြည်သူများမှ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် အဆင့်ဆင့်ကျို ချက်သန့်စင်ပြီးသော သောက်ရေသန့်များကို ရောင်းချရန်၊ ရေသန့်ထုတ်လုပ်ရာတွင်လည်း တစ်ကိုယ်ရေသန့်ရှင်းသပ်ရပ်စွာပြုလုပ်ပြီး ရောင်းချ သောရေဘူးများကိုလည်း သန့်သန့်ရှင်းရှင်းပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)