အောင်လံမြို့ပေါ်ရှိ စားသုံးဆီနှင့် အသင့်စားမုန့်ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် (၂၃.၅.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အောင်လံမြို့ပေါ်ရှိ ဆီစက် လုပ်ငန်းရှင်(၂)ဦး၊ အသင့်စားမုန့်လုပ်ငန်းရှင်(၄)ဦးတို့နှင့်တွေ့ဆုံ၍ ထုတ်လုပ်နေသည့် ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ထုတ်လုပ်နေသည့်ကုန်စည်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) အရ ဖော်ပြရမည့်အချက်များနှင့် ကိုက်ညီမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား စားသုံး သူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)