
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၂၆. ၅. ၂၀၂၅)ရက်နေ့၊ နံနက်(ဝ၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေး Talk Show ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Talk Show တွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက Online မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ အကျယ်တဝန့်ရှင်းလင်းဆွေးနွေးခြင်းနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများမှ ကုန်စည်ဝန်ဆောင်မှု အသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားမှုနှင့် ဖြေရှင်းပေးမှု များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)