
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူအခွင့်အရေးနှင့်စားသုံးသူ အကျိုးစီးပွားကို ကာကွယ်ရန်ရည်ရွယ်၍ (၂၇.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ခရိုင်ဦးစီးမှူးက ဆွေးနွေးရာတွင် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့် အရေးများအား သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားဆောင်ရွက်နိုင် ကြောင်း၊ စားသုံးသူ၏တာဝန်များလည်းရှိ၍ လိုက်နာရန်လိုအပ်ကြောင်း၊ ယခုအချိန်တွင် Online မှ ကုန်စည်နှင့်ဝန်ဆောင်မှုများ ရယူအသုံးပြုရာတွင် လိမ်လည်လှည့်စားမှုများ မကြာခဏဖြစ်ပေါ်နေ ၍ သတိပြုသုံးစွဲရန်အချက်အလက်များနှင့် လုံခြုံစိတ်ချရမှုရှိသော Page များတွင်သာ သေချာစွာ စိစစ်၍ အသုံးပြုစေလိုကြောင်း၊ ဌာနမှလည်း Online မှတ်ပုံတင်ခြင်းများ လုပ်ဆောင်ပေးလျက်ရှိ ကြောင်း၊ www.ecomreg.gov.mm Link အားကြည့်ရှု၍အသုံးပြုစေလိုကြောင်း၊ စားသုံးသူကာကွယ် ရေးဆိုင်ရာသိကောင်းစရာများအကြောင်းအား Power point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)