
(၂၇-၅-၂၀၂၅) ရက် ၊ နံနက် (၀၉:၀၀) နာရီအချိန် တွင် ဘားအံမြို့ရှိ လှာကမြင် ရပ်ကွက် အတွင်း ရောင်းချနေသော စားသောက်ဆိုင်(၄)ဆိုင်သို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်ဆေးခဲ့ရာတွင် ဘားအံမြို့ရှိ စားသောက်ဆိုင်(၄)ဆိုင်အား အောက်ပါအချက်များဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ အစားအသောက် ပြုပြင်ရောင်း ချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ သန့်ရှင်းမှု ရှိ/မရှိ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိ၊အစားအသောက်များ သန့်ရှင်းလတ်ဆတ် သန့်ရှင်းမှု ရှိ/မရှိ၊ စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို ဖော်ပြခြင်း ရှိ/မရှိ၊ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size) ပမာဏ အလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်သတိပေးဖော်ပြထားခြင်း ရှိ/မရှိ၊Table check အပါအဝင် အခြား ဝန်ဆောင်မှုများအတွက် ကောက်ခံနှုန်းထားများရှိပါက ဖော်ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ စားသောက်ဆိုင် (၄)ဆိုင်သည် အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိပါကြောင်း၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ သန့်ရှင်းမှုရှိပါကြောင်း၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိပါကြောင်း၊ စားအသောက်များ သန့်ရှင်းလတ်ဆတ်သန့်ရှင်းမှုရှိပါကြောင်း၊ စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေး ဖော်ပြခြင်း အားနည်းမှုရှိပါကြောင်း၊ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size) ပမာဏ အလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်သတိပေးဖော်ပြထားမှု မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
စစ်ဆေးတွေ့ရှိမှုအပေါ် ဆိုင်ပိုင်ရှင်အား စားသောက်ဖွယ်ရာများ၏ အမျိုးအစားအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ဖော်ပြထား မှုဆောင်ရွက်ရန်၊ အစားအသောက် ကိုင်တွယ်ချက် ပြုတ်သူများကို ခေါင်းစည်းစွပ်ရန်၊ လက်အိတ်စွပ်ရန်၊ နေ့စဉ်တစ်ကိုယ်ရေသန့်ရှင်းမှု ဆောင်ရွက်သွားရန်၊ အစားအသောက်များအား ယင်မနားအောင်ဖုံးအုပ်ထားရန်၊ ရေမြောင်းများအား ရေစီးရေလာကောင်း အောင် နေ့စဉ်သန့်ရှင်းဆောင်ရွက်ထားရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(မကွေး)