တောင်ငူမြို့ မုန့်ဖတ်ခြောက်စက်ရုံများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများ ဖြစ်ကြသော စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံနှင့် တောင်ငူမြို့နယ်တာဝန်ခံတို့သည် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့၊ ဆိတ်ဖူးတောင်ကျေးရွာရှိ ဇွဲကပင်မုန့်ဟင်းခါးခြောက်လုပ်ငန်းနှင့် တောင်ငူမြို့၊ အမှတ်(၂၃)ရပ်ကွက်ရှိ ရှယ်တောင်ကြီး မုန့်ဟင်းခါးခြောက်လုပ်ငန်းများသို့ သွားရောက်၍ ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      စစ်ဆေးရေးမှူးများအား မုန့်ဟင်းခါးခြောက်လုပ်ငန်းများမှ မန်နေဂျာများက ဈေးကွက် သို့ ဖြန့်ဖြူးနိုင်ရန်အတွက် စနစ်တကျ ထုပ်ပိုးမှုများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားမှုများကို ရှင်းလင်းပြသပါသည်။ စစ်ဆေးရေးမှူးများက လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူ နစ်နာဆုံးရှုံးမှု မဖြစ်စေရေးကို အလေးထားဆောင်ရွက်ရန်၊ နိုင်ငံတော်က MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို အားပေးဆောင်ရွက်လျှက်ရှိရာ မိမိဒေသထွက် စားသောက်ကုန်များ စံချိန်မှီ ပြီး သေသပ်လှပစွာ ထုပ်ပိုးခြင်းဖြင့် ဈေးကွက်အတွင်း ထိုးဖောက်နိုင်ရေးကို ဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့ပါ သည်။

     ဇွဲကပင်မုန့်ဟင်းခါးခြောက်သည် ဒေသတွင်း ဖြန့်ဖြူးရောင်းချသည့်အပြင် ဘားအံမြို့သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ဈေးကွက်ရှိကြောင်းနှင့် ရှယ်တောင်ကြီး မုန့်ဟင်း ခါးခြောက်သည် ဒေသတွင်းဖြန့်ဖြူးရောင်းချသည့်အပြင် ရန်ကုန်မြို့တွင် ကိုယ်စားလှယ် ထားရှိပြီး အနယ်နယ်အရပ်ရပ်သို့ ဖြန့်ဖြူးရောင်းချရကြောင်း၊ ၎င်းအမှတ်တံဆိပ် (၂)မျိုးလုံးသည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရန်အတွက် ၂၀၀၀ ပြည့်နှစ်က စားသုံးသူရေးရာဦးစီးဌာနသို့ ကုန်အညွှန်းအမှတ်အသားများ စိစစ်ပေးနိုင်ပါရန် တင်ပြခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)