
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် တောင်ငူခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ မေလ ၂၅ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များနှင့် လမ်းဘေးဆင်းကတ်အရောင်းဆိုင်များသို့ ဆင်းကတ်များ ရောင်းချနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ပူးပေါင်းအဖွဲ့သည် မိုဘိုင်းဖုန်းအရောင်းဆိုင်များ၌ ဆင်းကတ်များကို စနစ်တကျ မှတ်ပုံတင်၍ ရောင်းချသော်လည်း လမ်းဘေးဆင်းကတ်အရောင်းဆိုင်အချို့၌ မှတ်ပုံတင်လို သူများကို မှတ်ပုံတင် ပေးပြီး မှတ်ပုံမတင်ဘဲ ဝယ်ယူလိုသူများကိုလည်း အလွတ်ရောင်းချပေးကြောင်း စစ်ဆေးတွေ့ရှိရ သဖြင့် ဆင်းကတ်များကို မှတ်ပုံတင်ပြီးမှသာရောင်းချရန်၊ နောင်တွင် ဆင်းကတ်များကို မှတ်ပုံတင်ခြင်း မရှိဘဲ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၇၂ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပေးပြောကြားခဲ့ပါ သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံများအား အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ပေးအပ်ထားပါသဖြင့် ညွှန်ကြားချက်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)