
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် မေလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ သောင်ကုန်းကျေးရွာ ဓမ္မာရုံတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ကျေးလက်ပြည်သူများ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနအကြောင်း မိတ်ဆက်ပြောကြားပြီး စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံမှု မဖြစ်ပေါ်စေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ စားသုံးသူနစ်နာဆုံးရှုံမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းနှင့် စေ့စပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးမှုများ၊ အွန်လိုင်းတွင်ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ သတိပြုဆောင်ရွက်ရမည့်အချက်များကို ဟောပြောဆွေးနွေးပါသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများကလည်း သက်ဆိုင်ရာဌာနအလိုက် ကျေးလက်နေပြည်သူများ သိသင့်သိထိုက်သည်များကို အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် တွေ့ဆုံပွဲသို့ ကျေးရွာနေပြည်သူ ၉၄ ဦးတက်ရောက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)