ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲ ရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီ မှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်များနှင့် လုံခြုံစိတ်ချရမှုမရှိသော

   ကုန်စည်များ လျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေး လုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာပေးလျက်ရှိသလို တဖက်မှ လည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ် တစိုက်ဆောင်ရွက်လျက်ရှိပါသည်။

    (၁၃.၅.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြင်းခြံ ခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး (ဒု-ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်းများသည် မြင်းခြံမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြ သည်။ ပူးပေါင်းအဖွဲ့ဝင်များသည် ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များတွင် အရည်အ သွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင် မရှိသည့်ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်း များမရှိစေရေး ၊ သက်ဆိုင်ရာဌာန ထောက်ခံချက် ပါဝင်သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း များနှင့်ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ဆေးဝါးများကိုသာ ရောင်းချမှု ရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံး စွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်း များနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မ ပြတ်ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

DOCA(မန္တလေး)