
၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော (၅/၂၀၂၅) ကြိမ်မြောက် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံးများရှိဝန်ထမ်းများမှ online virtual ဖြင့် တက် ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြား ရေးမှူးချုပ်မှဦးဆောင်၍ ဆက်လက်ကျင်းပရာ ရုံးချုပ်၊ စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူးမှ (၄/၂၀၂၅)ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခြင်း ရုံးချုပ်၊ဌာနခွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှ အရာ ထမ်း/အမှုထမ်းများမှ လိုအပ်သည်များအား ဆွေးနွေးတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကာ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား ၁၂း၀၀ နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)