တနင်္သာရီတိုင်းဒေသကြီးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်းပို့ချ

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့၊နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Online Virtual စနစ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်း ကျင်းပပြုလုပ်ခဲ့ရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။

      အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်း ကျင်းပပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ Online သင်တန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)