COVID-19 ချေးငွေဆိုင်ရာ တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

Powered by Drupal

    ၂၉-၅-၂၀၂၅ ရက်နေ့၊ ညနေ ၃း၃၀ နာရီအချိန်၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော COVID-19 ချေးငွေ ဆိုင်ရာတွေ့ဆုံပွဲ အခမ်းအနားသို့ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မိုးသီသီမှ တက်ရောက်ခဲ့ပါသည်။

     အဆိုပါအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဦးစီးမှူးများမှ ဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ညနေ ၄း၀၀ နာရီအချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (တနင်္သာရီ)