စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်သည် ခရိုင်အသေးစားလက်မှုလက်မှုဦးစီးဌာန၊ သင်တန်းခန်းမ၌ ဇူလိုင်လ(၆)ရက်နေ့၌ ကျင်းပလျှက်ရှိသည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း( Bakery) အမှတ်စဉ်(၃/၂၀၂၂)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းသည် စစ်ကိုင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် နှင့်အသေးစားစက်မှု လက်မှုလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၉။ဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ သင်တန်းသားများအနေဖြင့် ဤသင်တန်းကို တက်ရောက်ပြီး မုန့်လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်မည်ဆိုပါက စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက် (၈)ချက်ကို အကျယ်တဝင့် Power Point ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။
သင်တန်းကာလမှာ ဇူလိုင်လ(၅)ရက်နေ့မှ (၁၁)ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပေါင်မုန့်၊ ကိတ်မုန့်နှင့် ကွတ်ကီး အစရှိသော မုန့်မျိုးစုံ (၁၅)မျိုးပြုလုပ်နည်း သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/ သူ ၂၀ ဦး တက်ရောက်ကြောင်း၊ သင်တန်းသားများမှာ နောင်တချိန်တွင် အစားအသောက်ထုတ်လုပ်သူများ ဖြစ်လာမည်ဖြစ်၍ စားသုံးသူရေးရာကိစ္စများကို ရှင်းလင်းဆွေးနွေးရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)