ဆေးဖက်ဝင်တစောင်းခါးထွက်ပေါ်ချိန်နှင့်ဈေးနှုန်း

Powered by Drupal

    တစောင်းခါးမှာ သဘာဝဟင်းသီးဟင်းရွက်အပင်ဖြစ်ပြီး စိုက်ပျိုးရလွယ်ကူသော နှစ်ရှည်ခံ အပင်တစ်မျိုးဖြစ်ကြောင်း၊ အပူပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ဒေသများတွင် အများဆုံးပေါက်ရောက်ကြောင်းသိရသည်။

      မြင်းခြံမြို့နယ်၊ အေးမြသီတာကုန်စိမ်းဈေးအတွင်းရောင်းချနေသော မေနောက်ဆုံးပတ် တစောင်းခါးဈေးနှုန်းများမှာ လက်လီ ၂၅ ကျပ်သားလျှင် (၂၅၀၀ - ၃၀၀၀)  ကျပ် ဖြစ်ပြီး လက်ကား တစ်ပိဿာလျှင် (၉၅၀၀ - ၁၁၅၀၀) ကျပ်ဖြင့် ရောင်းချကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်နှစ် မေနောက်ဆုံးပတ်တစောင်းခါး လက်လီ ၂၅ ကျပ်သားလျှင် (၁၀၀၀ - ၁၅၀၀) ကျပ်၊ လက်ကား တစ်ပိဿလျှင် (၄၀၀၀ - ၆၀၀၀) ကျပ် ဈေးရှိခဲ့ကြောင်း၊ ယခုနှစ် တစောင်းခါး လက်လီဈေး ၂၅ ကျပ်သားလျှင်(၁၅၀၀) ကျပ်၊ လက်ကားဈေး တစ်ပိဿာလျှင် (၅၅၀၀) ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်း၊ စာသုံးမှုများပြီး ဝယ်လိုအားများ၍ ရောင်းလိုအားနည်းခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်း၊ မိုးရာသီဖြစ်သော ဩဂုတ်လ၊ စက်တင်ဘာလများတွင် တစောင်းခါးဟင်းသီးဟင်းရွက်များ ဈေးကွက်တွင် ထွက်ပေါ်လာမည်ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းနိုင်ကြောင်း၊ ကုန်စိမ်းရောင်း ချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။  တစောင်းခါးမှာခါးသက်သောအရသာရှိပြီး စားသုံးလျှင် ဖန်ချိုအရသာရှိကာ ခံတွင်းမြိန်စေပြီး ဆေးဖက်ဝင်၍ စားသုံးမှုများပြားကြောင်း သိရသည်။

DOCA(မန္တလေး)