“လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ကုန်အညွန်းအမှတ်အသား ပြည့်စုံရေးနှင့် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့၊ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပူးပေါင်းပြီး  ကျင်းပပြုလုပ် သော လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း၌ မေလ (၂၇)ရက်နေ့ နံနက်(၈:၃၀) အချိန်တွင် ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်(ဦးစီးအရာရှိ)မှ စားသုံးသူကာကွယ်ရေးဥပဒေပါ  ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်  အချက်အလက် များနှင့် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးပြောကြားခဲ့ကြောင်း၊  ထိုသို့ ဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ  စားသုံးသူများ အခွင့်အရေးတွေရှိကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ အကြောင်း၊ ကုန်စည် ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ပါက အွန်လိုင်း စနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)နှင့် (၅၁/၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုရောင်းချသူများသည် မှတ်ပုံတင်လျှောက်ထား ရန် လိုအပ်ပြီး ကုန်စည်အမျိုးအစား (၂၂)မျိုးနှင့် ဝန်ဆောင်မှု အမျိုးအစား(၁၄)မျိုး ရှိကြောင်း၊ လျှောက်ထားလိုသူများသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားရန် မလိုအပ်ဘဲ (www.ecomreg.gov.mm)မှ တစ်ဆင့် အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အွန်လိုင်း စနစ်ဖြင့် ဝယ်ယူရာတွင်လည်း အားနည်းချက်၊ အားသာချက်များအား ဟောပြောပို့ချခဲ့ပြီး ၎င်း သင်တန်းအား သင်တန်းသား/သူ(၂၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)