လွိုင်ကော်မြို့ပေါ်ရှိစားသောက်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ မေလ(၂၃)ရက်နေ့ နေ့လယ်( ၁၄:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ Loikaw City စားသောက်ဆိုင်သို့ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်ကိုင် တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ် သန့်ရှင်းမှု ရှိ/မရှိ၊ မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြ ထားခြင်း ရှိ/မရှိ နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား(Size) ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသောက်ဆိုင်လုပ်ငန်းရှင်အနေဖြင့် မိမိစား သောက်ဆိုင်ရှိ အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများအား သန့်ရှင်းမှုသပ်ရပ်စွာ အသုံးပြုရန်၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများအနေဖြင့် Apron ၊ ခေါင်းစွပ်များ ဝတ်ဆင်၍ချက်ပြုတ်စေရန်နှင့် အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများအပြင် ဝန်ဆောင်မှု ပေးသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မိမိတို့ဆိုင်မှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အဖိုးအခထပ်မံ ကောက်ခံမည်ဆိုပါက လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော် ပြထားရှိရန်၊ မိမိတို့ဆိုင်မှ ရောင်းချ သည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား (Size) ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင် သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားရန်၊ သက်ဆိုင်ရာဌာန၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် ထပ်မံစစ်ဆေးသည့်အခါ အထက်ဖော် ပြပါအချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါအရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဈေးကွက် စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။

DOCA(ကယား)