MYATအမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ မေလ (၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍   တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရာလမ်းရှိ MYATအမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချ ရမှုရှိစေရန်အတွက် ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် MYATအမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်တို့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုသန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျသိုလှောင်ရန်၊  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)