ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှဦးစီးမှူး၊ဒေါ်မြင့်မာလာဝင်းသည်၂၂-၅-၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် “ရွှေသုခ” အမှတ်တံဆိပ်ဖြင့် အာလူးချောင်းကြော် (၂၀)ဂရမ်၊ အသားတုကြော်(၂၀)ဂရမ်၊ မာလာအာလူးပေါင်းကြော် (၂၀)ဂရမ်၊အာလူးပေါင်းကြော်(၂၀)ဂရမ်နှင့် ငါးမုန့်ကြော် (၂၀)ဂရမ် စားသောက်ကုန်ပစ္စည်း (၅)မျိုး ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်အား စားသုံးသူရေးရာ ဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲ ရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။    

 ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း(၁၈)ပါကုန်ပစ္စည်း ထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)