
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဒေသကြီးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်အတွက် စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည့် အခြေအနေများကို ထည့်သွင်းစဉ်းစားကာ ဦးစားပေးကုန်စည်(၁၀)မျိုးသတ်မှတ်၍ လအလိုက်ဈေးကွက် စောင့်ကြည့့်် စစ်ဆေးခြင်းဆောင်ရွက်မည့်အစီအမံများအား မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီသို့ တင်ပြ၍ အတည်ပြုချက်ရယူပြီးဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ မေလ တွင် ဦးစားပေးကုန်စည်အဖြစ် သတ်မှတ်ထားသော စားသုံးဆီ အမျိုးမျိုးအား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး တင်သွင်းရောင်းချနေသည့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ (၃-၁၂-၂၀၁၉)ရက်နေ့တွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)တွင် ပါရှိရမည့်ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်များပြည့်စုံစွာ ပါရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါကအရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိ စားသုံးဆီပစ္စည်းအမယ် စုစုပေါင်း(၂၅) မျိုးအား စောင့်ကြည့်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း လအလိုက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)