မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အထက်ပိုင်းရပ်ကွက် မုန့်မျိုးစုံဆိုင်များအား   ကုန်အညွှန်းအမှတ်အသားရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲ မြို့နယ်တာဝန်ခံဦးလေးလွင်သည်(၁၃.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးရောတွင် အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင််၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ တွင် မြန်မာဘသာဖြင့််ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက် ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့ထုတ်လုပ်ရောင်းချနေသော ကုန်ပစ္စည်းအမျိုးအစားအလိုက် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စီးပွားရေးလုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးမှာကြားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)